About Us

ဆေးဝါးဗေဒနှင့်ကပ်ပါးဗေဒဌာနအကြောင်း

ဆေးဝါးဗေဒနှင့်ကပ်ပါးဗေဒဌာနတွင် ဆေးဝါးဗေဒနှင့်အဆိပ်အတောက်ဗေဒဘာသာ ရပ်နှင့် ကပ်ပါးဗေဒဘာသာရပ်များကို စတုတ္ထနှစ်တိရစ္ဆာန်ဆေးသိပ္ပံသင်တန်းတွင်လည်း ကောင်း၊ ဆေးခန်းဆိုင်ရာဆေးဝါးဗေဒဘာသာရပ်ကို ပဉ္စမနှစ်တိရစ္ဆာန်ဆေးသိပ္ပံသင်တန်း တွင်လည်းကောင်း စာတွေ့လက်တွေ့သင်ကြားပို့ချလျှက်ရှိပါသည်။

ဆေးဝါးဗေဒနှင့်အဆိပ်အတောက်ဗေဒဘာသာရပ်တွင် ဆေးဝါးဗေဒဘာသာရပ်၏ အခြေခံစည်းမျဉ်းများ၊ တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအလိုက်အသုံးပြုသော ဆေးဝါး များ၊ ဆာလ်ဖာဆေးများ၊ ပိုးသတ်ဆေးများ၊ သန်ချဆေးများနှင့်ပတ်သက်၍ ဆေးပေးသည့် နည်းလမ်းများ၊ ဆေးပေးရမည့်အတိုင်းအဆ၊ ဆေးအား ခန္ဓာကိုယ်မှစုပ်ယူမှု၊ ခန္ဓာကိုယ် အတွင်းပျံ့နှံ့မှု၊ ဆေးဝါးများကို ခန္ဓာကိုယ်မှ တုန့်ပြန်မှု၊ ခန္ဓာကိုယ်အတွင်း အသွင်ပြောင်းလဲမှု၊ စွန့်ထုတ်မှု၊ ကုသသောဆေးဝါးများ၏ အရေးပါမှုနှင့် ဘေးထွက်ဆိုးကျိုးများ စသည်တို့ကို သင်ကြားပေးလျှက်ရှိပါသည်။ ကျောင်းသား၊ကျောင်းသူများသည် ဆေးဝါးဗေဒနှင့်အဆိပ် အတောက်ဗေဒဘာသာရပ်ကို လေ့လာခြင်းအားဖြင့် ဆေးဝါးများ၏အာနိသင်၊ အသုံးပြုပုံ တို့ကို နားလည်သိရှိနိုင်ပြီး ဆေးခန်းဆိုင်ရာတိရစ္ဆာန်ဆေးသိပ္ပံဘာသာရပ်နှင့် မွေးမြူ ထုတ်လုပ်ရေးဘာသာရပ်များတွင် ဆက်စပ်အသုံးချနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အဆိပ် အတောက်ဖြစ်စေနိုင်သော ဆေးဝါးများအကြောင်းကို သင်ကြားပေးခြင်းဖြင့် တိရစ္ဆာန်များ အား ‌ဆေးကုသရာတွင် အကျိုးကျေးဇူးများစွာ ရှိနိုင်ပါသည်။

ကပ်ပါးဗေဒဘာသာရပ်တွင် မြန်မာနိုင်ငံအတွင်း တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု ကျဆင်း စေနိုင်သော၊ တိရစ္ဆာန်များအား အန္တရာယ်ဖြစ်စေတတ်သော ကပ်ပါးကောင်များ (သန်လုံး ကောင်၊ သန်ပြားကောင်၊ အဆစ်အပိုင်းများပါသော သန်ပြားကောင်များ၊ ပရိုတိုဇွါများနှင့် ခန္ဓာကိုယ်ပြင်ပရှိ ကပ်ပါးကောင်များ) ၏ ပျံ့နှံ့တည်ရှိမှု၊ သွင်ပြင်လက္ခဏာ၊ ဘဝစက်ဝန်း၊ ဖြစ်ပွားစေသောရောဂါလက္ခဏာများ၊ ၎င်းကပ်ပါးကောင်ရောဂါများအား စစ်ဆေးဖော်ထုတ် မှု၊ ခံနိုင်ရည်ရှိမှု၊ ကာကွယ်ရန်နည်းလမ်းများနှင့် ကုသခြင်းများကို သင်ကြားပေးလျှက်ရှိပါ သည်။ ကပ်ပါးကောင်များနှင့် ၎င်းတို့ကြောင့်ဖြစ်ပေါ်လာသော ရောဂါများအကြောင်းကို လေ့လာ သိရှိနိုင်ခြင်းဖြင့် တိရစ္ဆာန်ရောဂါများဖော်ထုတ်ရာတွင် အသုံးချနိုင်မည်ဖြစ်ပြီး ဆေးခန်းဆိုင်ရာတိရစ္ဆာန်ဆေးသိပ္ပံဘာသာရပ်နှင့် မွေးမြူထုတ်လုပ်ရေးဘာသာရပ်များတွင် ဆက်စပ်အသုံးချနိုင်မည်ဖြစ်ပြီး တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေး တိုးတက်‌စေနိုင်မည်ဖြစ် ပါသည်။ ထို့အပြင် တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်စေသော ကပ်ပါးကောင်များနှင့် ၎င်းတို့ကြောင့် လူထုကျန်းမာရေးကိုထိခိုက်စေသည့် အကြောင်းအရာများကို သင်ကြား ပေးခြင်းဖြင့် တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်စေနိုင်သော ကပ်ပါးရောဂါများအား ကာကွယ်စေနိုင်ပါသည်။

ဆေးခန်းဆိုင်ရာဆေးဝါးဗေဒဘာသာရပ်တွင် ပဋိဇီဝဆေးဝါးများ၊ ရောင်ရမ်းမှုကျစေ သောဆေးဝါးများ၊ ခွဲစိတ်ကုသရာတွင် အသုံးပြုသောဆေးဝါးများ (မေ့ဆေး၊ ထုံဆေး၊ အိပ်ဆေး၊ အစရှိသောဆေးဝါးများ) လက်တွေ့အသုံးချမှုနှင့် ပတ်သက်သည့် အကြောင်းအရာ များကို သင်ကြားပေးလျှက်ရှိပါသည်။

ဆေးဝါးဗေဒနှင့်ကပ်ပါးဗေဒဌာနတွင် ပြုလုပ်လျှက်ရှိသော သုတေသနများမှာ –

၁။ ရေဆင်း၊ အင်းလေးနှင့် ရခိုင်ဒေသရှိ ခရုမှတစ်ဆင့် လူနှင့်တိရစ္ဆာန်သို့ ကူးစက်တတ်သော သန်ပြားကောင်များ၏ သားလောင်းများအား လေ့လာခြင်း၊

၂။ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော အူလမ်းကြောင်းရှိ ကပ်ပါးကောင်များ၊ မွှားမှ တစ်ဆင့်ကူးစက်သော ပရိုတိုဇွာများနှင့် ပြင်ပ ကပ်ပါးကောင်များဖြစ်သော ဝဲပိုး၊ မွှား၊ ခြင်၊ သွေးစုပ်ယင်ကောင်များ၏တွယ်ကပ်မှုကို ၎င်းတို့၏ သွင်ပြင်လက္ခဏာနှင့် မျိုးရိုး ဗီဇများအား ဖော်ထုတ်၍လေ့လာခြင်း။

၃။ ရေနှင့်ငါး တို့တွင် ခဲနှင့်ပြဒါးကဲ့သို့သော သတ္တုပစ္စည်းများပါဝင်မှုကို လေ့လာခြင်း၊

၄။ ကပ်ပါးကောင်နှင့် ဘက်တီးရီးယားပိုးများအပေါ်တွင်ရှိသော သန်ချဆေး၊ ပဋိဇီဝဆေး များ၊ အပင်မှရသော သတ္တုရည်/အဆီအနှစ်တို့၏ အစွမ်းသတ္တိကို လေ့လာခြင်း။

၅။ သန်ချဆေးများအပေါ် ကပ်ပါးကောင်များ၏ ဆေးယဉ်ပါးမှုကို လေ့လာခြင်းတို့ဖြစ် ပါသည်။

ဆေးဝါးဗေဒနှင့်ကပ်ပါးဗေဒဌာနတွင် ဘွဲ့လွန်သင်တန်းများအနေဖြင့် –

၁။ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (ဆေးဝါးဗေဒ)

၂။ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (ကပ်ပါးဗေဒ)

၃။ တိရစ္ဆာန်ဆေးသိပ္ပံပါရဂူဘွဲ့ (ဆေးဝါးဗေဒ) ၄။ တိရစ္ဆာန်ဆေးသိပ္ပံပါရဂူဘွဲ့ (ကပ်ပါးဗေဒ) တို့ကို ဖွင့်လှစ်သင်ကြားလျှက်ရှိပါသည်။

ဥယျောဇဉ်စကား

နေ့စဉ်မပြတ်ပြောင်းလဲနေသော၊ ပို၍ပူနွေးလာသောကမ္ဘာကြီးတွင် တိရစ္ဆာန်များ၌ တွယ် ကပ်ဒုက္ခပေးသည့် ကပ်ပါးကောင်များ၏ ရောဂါစိန်ခေါ်မှုအသစ်များနှင့် တိရစ္ဆာန်ဆေးဝါးများ၏ ဆေးယဉ်ပါးမှုပြသနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် သုတေသနများပြုလုပ်ခြင်းဖြင့် အဆင်သင့် ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ဆေးဝါးဗေဒနှင့်ကပ်ပါးဗေဒဌာနရှိ ပညာရှင်များ၏ သက်ဆိုင်ရာ ဘာသာရပ်အလိုက် နှစ်ပေါင်းများစွာ လေ့လာဆည်းပူးထားသောအတွေ့အကြုံ၊ ခေတ်နှင့်အညီ ပြောင်းလဲနေသော နည်းပညာများနှင့်စဉ်ဆက်မပြတ်ရှိမှုတို့သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင်သင်ကြားနေသည့် ဆေးဝါးဗေဒနှင့်ကပ်ပါးဗေဒဘာသာရပ် များအတွက် အကောင်းဆုံးအင်အားစုများဖြစ်ပါသည်။ တိရစ္ဆာန်ဆေးဝါးဆိုင်ရာနှင့် ကပ်ပါးဆိုင်ရာ သုတေသနများ လက်တွဲလုပ်ဆောင်လိုသော ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများကိုလည်း ပူးပေါင်းလုပ်ဆောင်ရန် ဝမ်းမြောက်စွာ ဖိတ်ခေါ်ကြိုဆိုပါသည်။ အနာဂတ်အတွက် ပိုမိုအရည်အချင်း ပြည့်ဝသော မွေးမြူဆေးကုပညာရှင်များ ပေါ်ထွက်လာစေရေး ရည်မျှော်လျှက်-

About Image

65 Years
7 Lecturers
150 Enrollment
145 Graduates